Timeless polished

投放时间: 2025-02-23 08:00:00
📍De Beers ဆိုတာ ကမ္ဘာ့တွင်းထွက် စိန်လောကမှာ အကြီးမားဆုံးလို့ပြောလို့ရတဲ့ စိန်Company ကြီးတစ်ခုပါ ။ 💎ပြီးခဲ့တဲ့ 2024 နှစ်ကုန်မှာတော့ De Beers က စိန်အရိုင်းတွေကို 10% ကနေ 15% ထိလျှော့ချပြီး သူ့ရဲ့ ဖောက်သည်တွေထံ ကို ရောင်းချခဲ့ပါတယ် ။ ဘာကြောင့်ပါလဲ ? လူအများကတော့ နားလည်မှာ မဟုတ်ပါဘူး ။ ရှင်းလင်းချက်က ဒီမှာပါ။ 🔽🔽🔽 💁🏻‍♀️ ပြီးခဲ့တဲ့နှစ်တွေက သဘာဝစိန် သွေးပြီးသားတွေရဲ့ စျေးနှုန်းဟာ 15% ကနေ 20% ထိ ကျခဲ့ပါတယ် ။ အကြောင်းတရားကတော့ ကမ္ဘာစိန်အဝယ်ယူဆုံး နိုင်ငံ နှစ်နိုင်ငံ ဖြစ်တဲ့ 📉China မှာ economic downturn ဖြစ်ပေါ်တာကြောင့်ရယ် ၊ 📉 US မှာ သဘာဝတွင်းထွက်စိန်စျေးကွက်ရဲ့ 50% လောက်ကို Lab grown Diamond တွေက အစားထိုး ဝင်ရောက်လာကြလို့ပါပဲ 🥶 💎De Beers ဟာ သူရဲ့sightholders (နှစ်ရှည်စာချုပ်နဲ့ ဝယ်သူများ) ကို 2024 မှာ သွေးပြီးစိန်တွေ စျေးလျှော့ပြီးရောင်းနေရတဲ့ အခြေနေမှာ မနစ်နာစေဖို့ ဝယ်ယူမှုတွေကို နှစ်ကုန်အထိနောက်ဆုတ်ခွင့်ပေးခဲ့ပါတယ် ။ ဒါ့ပြင် 2024 နှစ်ကုန်တဲ့ အခါမှာလည်း De Beers ဟာ သူ့ရဲ့ စိန်အရိုင်းစျေးတွေကို သွေးပြီးစိန်တွေ စျေးလျှော့ရောင်းတဲ့ စျေးနဲ့ တူအောင် အရိုင်းစျေးတွေ ထပ်မံ လျှော့ချ ပြီး ရောင်းချပေးခဲ့ပြန်ပါတယ် ။ 💎De Beers ရဲ့ စိန်အရိုင်း စျေးတွေဟာ အခုထိ တန်ဖိုးကြီးနေတုန်းဆိုပေမယ့်၊ ဈေးလျှော့ချပေးမှုက သူ့ရဲ့ sightholders တွေကို သက်သာစေပြီး၊ အမြတ်ရနိုင်ဖို့ ခွင့်လမ်း တစ်ခု ဖြစ်ခဲ့ပါတယ် ။ 💎De Beers ရဲ့ rough diamond တွေ စျေးလျှော့ပေးတာ ဟာ သွေးပြီးသားစိန်တွေ စျေးလျှော့ရောင်းစေချင်တာမျိုးမဟုတ်ပဲ ဒီ အခွင့်လမ်းကနေပြီး စိန်သွေးပြီးလက်ကားပြန်ရောင်းတဲ့ သူတွေကို အကျိုးမြတ် ရရှိစေလိုတာပါ ။ 💎အရိုင်းတွေ ဈေးလျှော့ရောင်းပေးရာကနေ Polished စိန်စျေး ကျစေမယ်ဆိုတာ မျိုး မြင်စေချင်တာမဟုတ်ပဲ၊ Sight Holder တွေ အကျိုးမြတ်တွေ တိုးမြှင့်ဖို့ ရာလမ်းဖွင့်ပေးတာပါ။ ဒါပေမယ်. Indian manufacturers တွေကတော့အရိုင်းစျေး လျော့ကျတာနဲ့ အမြောက်အများဝယ်ယူကြပြန်ပါတယ် ။ India ရဲ့ သွေးပြီးစိန်စျေးကွက်မှာ ပစ္စည်းတွေ ဖောင်းပွလာပြန်တော့ De Beers ရဲ့ ရည်ရွယ်ချက်ဟာ မထိရောက်ပြန်ပါဘူး😢 💎 De Beers ရဲ့ စိန်အရိုင်းတွေ စျေးလျှော့ရောင်းပေးခြင်းဟာ သွေးပြီးသား သဘာဝ တွင်းထွက်စိန် ရောင်းသူကုန်သည်ကြီးတွေကို အသက်ရှုချောင်ချောင် ဆက်သွားနိုင်ဖို့ရည်ရွယ်တာဖြစ်ပြီး Polished Diamonds တွေ ဒီ့ ထက်ပိုစျေးကျဖို့ရည်ရွယ်တာမဟုတ်ပါဘူး ။ 🧔🏼Martin Rapaport ရဲ့ De Beers Prices Decrease အကြောင်းကို သင့်လျော်အောင် ဘာသာပြန်ဆိုထားပါတယ်။ ……………………………………………….. ဒီထိဖတ်လာပြီ ဆိုရင် ကမ္ဘာပေါ်အဓိက စိန်သုံးစွဲနေတဲ့ China နဲ့ US တို့ရဲ့ တွင်းထွက်စိန်စျေးကွက်အခြေနေနဲ့ သဘာဝစိန်တွေရဲ့ ရောင်းအားအခြေနေ တွေ အကြောင်း သုံးသပ်မိမှာပါ ။ တွင်းထွက်စိန်တွေရဲ့ အရိုင်းရော ၊ သွေးပြီးစျေးတွေလည်း ကျပါတယ် ၊ GIA Rapaport ပေါက်စျေးတွေမှာလည်း စျေးနှုန်းတွေ ကျဆင်းခဲ့ပါတယ် ။ Lab Grown စိန်တွေဟာ 🔬Chemical , 🔬Physical 🔬 Optical properties တွေ တွင်းထွက်စိန်နဲ့ ထပ်တူညီတာကြောင့် သာမာန် အမြင် ၊ မှန်ဘီလူး ၊ microscope ၊ သာမာန် စက်လောက်နဲ့ ခွဲခြားမရပဲ အဆင့်မြင့်စက်ကြီးတွေ အကူညီ ပါမှသာ ခွဲခြားလို့ရနိုင်တာပါ ။ ရှေ့ 2025 မှာ ရော ကမ္ဘာလုံးက လူတွေရဲ့ ရွေးခြယ်မှုက ဘာတွေ ဆက်ဖြစ်လာမလဲ ဆက်လက်စောင့်ကြည့်ရုံပါပဲ ။ 💎Eco Diamond 💎 “𝙒𝒉𝙚𝒓𝙚 𝙄𝒏𝙣𝒐𝙫𝒂𝙩𝒊𝙤𝒏 𝑴𝙚𝒆𝙩𝒔 𝑻𝙞𝒎𝙚𝒍𝙚𝒔𝙨 𝘽𝒆𝙖𝒖𝙩𝒚.”
搜索关键词 De Beers, diamond market, lab-grown diamonds, diamond price, diamond industry, rough diamonds, polished diamonds, market analysis, China economy, US market优势 Provides insights into the global diamond market,Explains De Beers' strategy in response to market changes,Highlights the impact of lab-grown diamonds
展示估值
347985
热度
28660
最新发现时间
2025-02-23 08:00:00
投放天数
210

平台 & 渠道

投放渠道 facebook
系统 pc
国家 缅甸
语言 my

素材信息

素材类型
素材尺寸
主页ID8289873642117489224
主页名字Eco Diamond

产品信息

产品分类Diamonds
促销类型Soft Promotion
评分

适用范围

适用人群both
劣势Potentially biased towards De Beers' perspective,May not cover all aspects of the diamond industry
情感Neutral
人民币汇率走势
CNY
亚马逊热销榜
共 0 SKU 上次更新 NaN:NaN:NaN
类目: 切换分类
暂无数据
暂无数据
关注我们
新媒网跨境发布
本站原创内容版权归作者及NMedia共同所有,未经许可,禁止以任何形式转载。