Timeless polished
📍De Beers ဆိုတာ ကမ္ဘာ့တွင်းထွက် စိန်လောကမှာ အကြီးမားဆုံးလို့ပြောလို့ရတဲ့ စိန်Company ကြီးတစ်ခုပါ ။
💎ပြီးခဲ့တဲ့ 2024 နှစ်ကုန်မှာတော့ De Beers က စိန်အရိုင်းတွေကို 10% ကနေ 15% ထိလျှော့ချပြီး သူ့ရဲ့ ဖောက်သည်တွေထံ ကို ရောင်းချခဲ့ပါတယ် ။ ဘာကြောင့်ပါလဲ ?
လူအများကတော့ နားလည်မှာ မဟုတ်ပါဘူး ။
ရှင်းလင်းချက်က ဒီမှာပါ။ 🔽🔽🔽
💁🏻♀️ ပြီးခဲ့တဲ့နှစ်တွေက သဘာဝစိန် သွေးပြီးသားတွေရဲ့ စျေးနှုန်းဟာ 15% ကနေ 20% ထိ ကျခဲ့ပါတယ် ။
အကြောင်းတရားကတော့ ကမ္ဘာစိန်အဝယ်ယူဆုံး နိုင်ငံ နှစ်နိုင်ငံ ဖြစ်တဲ့
📉China မှာ economic downturn ဖြစ်ပေါ်တာကြောင့်ရယ် ၊
📉 US မှာ သဘာဝတွင်းထွက်စိန်စျေးကွက်ရဲ့ 50% လောက်ကို Lab grown Diamond တွေက အစားထိုး ဝင်ရောက်လာကြလို့ပါပဲ 🥶
💎De Beers ဟာ သူရဲ့sightholders (နှစ်ရှည်စာချုပ်နဲ့ ဝယ်သူများ) ကို
2024 မှာ သွေးပြီးစိန်တွေ စျေးလျှော့ပြီးရောင်းနေရတဲ့ အခြေနေမှာ မနစ်နာစေဖို့
ဝယ်ယူမှုတွေကို နှစ်ကုန်အထိနောက်ဆုတ်ခွင့်ပေးခဲ့ပါတယ် ။
ဒါ့ပြင် 2024 နှစ်ကုန်တဲ့ အခါမှာလည်း
De Beers ဟာ သူ့ရဲ့ စိန်အရိုင်းစျေးတွေကို သွေးပြီးစိန်တွေ စျေးလျှော့ရောင်းတဲ့ စျေးနဲ့ တူအောင် အရိုင်းစျေးတွေ ထပ်မံ လျှော့ချ ပြီး ရောင်းချပေးခဲ့ပြန်ပါတယ် ။
💎De Beers ရဲ့ စိန်အရိုင်း စျေးတွေဟာ အခုထိ တန်ဖိုးကြီးနေတုန်းဆိုပေမယ့်၊
ဈေးလျှော့ချပေးမှုက သူ့ရဲ့ sightholders တွေကို သက်သာစေပြီး၊ အမြတ်ရနိုင်ဖို့ ခွင့်လမ်း တစ်ခု ဖြစ်ခဲ့ပါတယ် ။
💎De Beers ရဲ့ rough diamond တွေ စျေးလျှော့ပေးတာ ဟာ သွေးပြီးသားစိန်တွေ စျေးလျှော့ရောင်းစေချင်တာမျိုးမဟုတ်ပဲ
ဒီ အခွင့်လမ်းကနေပြီး စိန်သွေးပြီးလက်ကားပြန်ရောင်းတဲ့ သူတွေကို အကျိုးမြတ် ရရှိစေလိုတာပါ ။
💎အရိုင်းတွေ ဈေးလျှော့ရောင်းပေးရာကနေ
Polished စိန်စျေး ကျစေမယ်ဆိုတာ မျိုး မြင်စေချင်တာမဟုတ်ပဲ၊ Sight Holder တွေ
အကျိုးမြတ်တွေ တိုးမြှင့်ဖို့ ရာလမ်းဖွင့်ပေးတာပါ။
ဒါပေမယ်. Indian manufacturers တွေကတော့အရိုင်းစျေး လျော့ကျတာနဲ့ အမြောက်အများဝယ်ယူကြပြန်ပါတယ် ။
India ရဲ့ သွေးပြီးစိန်စျေးကွက်မှာ ပစ္စည်းတွေ ဖောင်းပွလာပြန်တော့
De Beers ရဲ့ ရည်ရွယ်ချက်ဟာ မထိရောက်ပြန်ပါဘူး😢
💎 De Beers ရဲ့ စိန်အရိုင်းတွေ စျေးလျှော့ရောင်းပေးခြင်းဟာ
သွေးပြီးသား သဘာဝ တွင်းထွက်စိန် ရောင်းသူကုန်သည်ကြီးတွေကို အသက်ရှုချောင်ချောင် ဆက်သွားနိုင်ဖို့ရည်ရွယ်တာဖြစ်ပြီး
Polished Diamonds တွေ ဒီ့ ထက်ပိုစျေးကျဖို့ရည်ရွယ်တာမဟုတ်ပါဘူး ။
🧔🏼Martin Rapaport ရဲ့ De Beers Prices Decrease အကြောင်းကို သင့်လျော်အောင် ဘာသာပြန်ဆိုထားပါတယ်။
………………………………………………..
ဒီထိဖတ်လာပြီ ဆိုရင် ကမ္ဘာပေါ်အဓိက စိန်သုံးစွဲနေတဲ့ China နဲ့ US တို့ရဲ့
တွင်းထွက်စိန်စျေးကွက်အခြေနေနဲ့
သဘာဝစိန်တွေရဲ့ ရောင်းအားအခြေနေ တွေ အကြောင်း သုံးသပ်မိမှာပါ ။
တွင်းထွက်စိန်တွေရဲ့ အရိုင်းရော ၊ သွေးပြီးစျေးတွေလည်း ကျပါတယ် ၊ GIA Rapaport
ပေါက်စျေးတွေမှာလည်း စျေးနှုန်းတွေ ကျဆင်းခဲ့ပါတယ် ။
Lab Grown စိန်တွေဟာ
🔬Chemical ,
🔬Physical
🔬 Optical properties တွေ တွင်းထွက်စိန်နဲ့ ထပ်တူညီတာကြောင့် သာမာန် အမြင် ၊ မှန်ဘီလူး ၊ microscope ၊ သာမာန် စက်လောက်နဲ့ ခွဲခြားမရပဲ အဆင့်မြင့်စက်ကြီးတွေ အကူညီ ပါမှသာ ခွဲခြားလို့ရနိုင်တာပါ ။
ရှေ့ 2025 မှာ ရော ကမ္ဘာလုံးက လူတွေရဲ့ ရွေးခြယ်မှုက ဘာတွေ ဆက်ဖြစ်လာမလဲ ဆက်လက်စောင့်ကြည့်ရုံပါပဲ ။
💎Eco Diamond 💎
“𝙒𝒉𝙚𝒓𝙚 𝙄𝒏𝙣𝒐𝙫𝒂𝙩𝒊𝙤𝒏 𝑴𝙚𝒆𝙩𝒔
𝑻𝙞𝒎𝙚𝒍𝙚𝒔𝙨 𝘽𝒆𝙖𝒖𝙩𝒚.”