Safe forum
投放时间: 2025-01-11 08:00:00
How to maintain your led tv.
တနေ့ကတင်ပြခဲ့သော post တွင် TV တလုံး၏ ပျက်တတ်သော သဘောတရားများကို ဖော်ပြခဲ့ပြီးဖြစ်သည်။
ပျက်တတ်သော အကြောင်းအရင်းကိုသိလျှင် မပျက်စီး အောင်ဘယ်လိုကာကွယ်ရမလဲ ဆိုတာကိုလည်းသိနိုင်ပေသည်။
လုပ်ဆောင်ရန် နည်းလမ်းများမှာ...
၁ ။ TV ၏ Back-light သက်တန်းကြာရှည်ရန်အတွက် Picture setting တွင် Back-light အား vivid တွင် 70 ခန့် ထားပေးပါ standard တွင် 80 ထားပေးပါ၊ အဖြူ စစ်စစ် ကြည့်လိုသူများ color temperature setting တွင် cool ဘက်သို့ များများ ရွှေ့ပေးပါ china စက်များတွင် contrast ကို 80 ခန့်ထားပေးပါ ။
၂ ။ အိမ်အများစုသည် Air con မဖွင့်တတ်သဖြင့် TV အား လေဝင်လေထွက် ကောင်းသောနေရာတွင်ထားပါ ။ အခန်းတွင် TV သည် Air con နှင့် မျက်နှာချင်းဆိုင် ဖြစ်သင့်သည်။Air con အောက် တည့်တည့် မဖြစ်သင့်ပါ။
( က ) Air con ဖွင့်စဥ် တံမျက်စည်း မလှဲရပါ ဖုန်များသည် Air con အတွင်းရော TV အတွင်းရော အလွယ်တကူဝင်ရောက်သွားမည် ဖြစ်သည်။ သင်မျက်စေ့ဖြင့် မမြင်ရသော်လည်း TV အတွင်းလေသည် အောက်မှ အထက်သို့ စီးဆင်းနေသည်။ ထိုသို့ဖြစ်စေရန်လည်း Back-light တန်းနှင့် T con circuit တိုကို့ TV ၏အောက်ခြေတွင် ထည့်သွင်းတည်ဆောက် ပေးထားသည်။
( ခ ) ကြောင်သေးမဝင်နိုင်ရန် TV အောက်ခြေ အစပ်တွင် Tape ကပ်၍ ကာကွယ်နိုင်သည်။ ပုံရှုပါ ။
ပုရွက်ဆိပ်နှင့် ပိုးမွှားများ စက်အတွင်းဝင်ရောက်ခြင်း ရှိမရှိ ရံဖန်ရံခါ စစ်ဆေးပေးပါ။
အိမ်သုံး TV များအတွက် အနည်းဆုံး တနှစ်တကြိမ် လဘက်ရည်ဆိုင်များအတွက် တနှစ် ၂ ကြိမ်စက်ဖုံးဖွင့် ဖုံရှင်းပေးပါ။
( ဂ) ရှေ့မှန်သန့်ရှင်းရေးအတွက် TV ကိုပက်လက်လှန်ပြီး မှန်ကြည်ဆေးရည်နှင့် ပွတ်တိုက်သန့်ရှင်းပေးနိုင်သည်။ နံရံ ချိတ်ထားပါက အမွှေးပွ တဘက်စ အသေးကို မှန်ကြည်ဆေးရည်ဆွတ်၍ တိုက်ပေးနိုင်သည်။Tape မှ ကော်များ အခြားကော်များအတွက် အဝတ်စတွင် Thinner ဆွတ်၍ ပွတ်တိုက် သန့်ရှင်းပေးနိုင်သည်။
၃ ။ အကောင်းဆုံး တပ်ဆင်ပုံသည် wall mounted နံရံကပ်တပ်ဆင်ခြင်း ဖြစ်သည်။ ကြောင်သေး ကြွက်သေး ကလေးများရန်မှ ကင်းဝေးစေသည်။ Sound setting တွင် နံရံကပ်နှင့် ခြေထောက်အထိုင်ကို ရွေးပေးနှိင်သည်။ ကြောင်သေးသည် အဆိုးဆုံး ဖြစ်သဖြင့် လုံလောက်သော ကာကွယ်မှု ရှိရန်အထူးလိုအပ်သည် ။ နရံကပ် TV များအတွက် ၄င်းပြသာနာ ကင်းဝေးသည်။
၄ ။ လက်ရှိအသုံးပြုနေသော safe guard များသည်စိတ်မချရ၍ တတ်နိုင်လျှင် ups ခံသုံးပါ Update သွားနေစဥ် လျှပ်စစ်ပြတ်တောက်မည့် အန္တရယ်မှ ကာကွယ်ပြီး ဖြစ်သည်။
၅ ။ မိုးတွင်းအခါ၌ မိုးကြိုးပစ်တတ်သဖြင့် မိုးကြိုးလွှဲများတပ်ဆင်ထားသော နေရာတွင် ပြသာနာ မရှိနိုင်သော်လည်း အိမ်တွင် စလောင်း antenna ကြည့်ပါက ၄င်းကြိုးများကို ခေါတ္တ ဖြုတ်ထားရမည်။လိုအပ်လျှင် လျှပ်စစ်ကြိုးများ ကိုလည်းဖြုတ်ထားရမည်။
၆ ။ ကလေးများကို TV ရှေ့တွင် ခြင်ရိုက်တံ ကော်စေ့သေနတ် တုတ်ရှည်တို့နှင့် ဆော့ကစားခြင်းကို မပြုပါစေနှင့်။
၇ ။ software များပျက်စီးခြင်းကို ကာကွယ်ရန်
က ။ auto update ကိုပိတ်ထားပါ
ခ ။ Apps များ အများအပြား မထည့်သွင်းမိစေရန် နှင့် ဂ ။ remote control ခုလုတ်များကို ရမ်းမနှိပ်မိစေရန် ဂရု ပြုပါ။
ဖတ်ရှု ပေးတဲ့ အတွက် အားလုံးကိုကျေးဇူးတင်ပါတယ်။ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ
搜索关键词 led tv maintenance, tv repair tips, extend tv lifespan, tv cleaning guide, protect led tv, prevent tv damage, tv setup guide, tv air con position, cleaning tv screen, protect tv from lightning优势 Extends TV lifespan,Prevents common damages,Provides cleaning advice
展示估值
330603
热度
27599
最新发现时间
2025-01-11 08:00:00
投放天数
210
素材信息
素材类型
素材尺寸
主页ID8289873642117675148
主页名字Ko Myo Min Lcd .Led ,plasma service forum
产品信息
适用范围
人民币汇率走势
CNY
关注我们

新媒网跨境发布
本站原创内容版权归作者及NMedia共同所有,未经许可,禁止以任何形式转载。