渠道
筛选
共 0 个广告
RoboticsRobotics

Robotics

မြန်မာနိုင်ငံမှာ (၁၉၆၄) ခုနှစ်တုန်းက ခေတ်နဲ့အမီလိုက်ဖို့ “အရေး၊ အဖတ်၊ အပြော” ဆိုတဲ့ စာမတတ်သူပပျောက်ရေးအတွက် “အ”သုံးလုံး စီမံကိန်းတစ်ခုရှိခဲ့ပါတယ်။ (၂၀၀၀) ခုနစ်မှာတော့ ကွန်ပျူတာ၊ အင်တာနက်နည်းပညာတွေနဲ့ ရင်းနှီးတဲ့ Digital Literacy ရှိသူတွေဟာ လူတိုင်းထက် နှာတဖျားသာလာခဲ့ပါတယ်။ ဒါဆိုရင် လာမယ့် ဆယ်စုနှစ်တွေရဲ့ “အ” သုံးလုံးက ဘာဖြစ်လာမလဲ❓ ကမ္ဘာ့နည်းပညာလောကမှာ ဦးဆောင်နေတဲ့ Apple, Tesla, Microsoft တို့ အသည်းအသန်ပြိုင်ဆိုင်မှုတွေလုပ်နေကြတဲ့ Artificial Intelligence - AI ဖြစ်လာမယ်လို့သာပြောရင် ဘယ်သူမှငြင်းနိုင်မယ်မထင်ပါဘူး။ အခုလို AI နဲ့အတူ ခေတ်ပြိုင်ရေပန်းစားတွင်ကျယ်လာမှာကတော့ Robotics နည်းပညာပါ … AI က “နာမ်”ဆို Robotics က “ရုပ်” လို့ ဆိုရပါမယ်။ 🤖 အနာဂတ်နည်းပညာတစ်ခုဖြစ်တဲ့ Robotics ကို သားသားမီးမီးတို့စိတ်ဝင်စားလာအောင် မျိုးစေ့ချရင်း သူတို့ရဲ့ တီထွင်ဖန်တီးနိုင်မှုစွမ်းရည် Creativity ကို ကမ္ဘာနဲ့အမီ ရင်ဘောင်တန်းဖို့ World Robotics Olympiad ပြိုင်ပွဲက အခွင့်အရေးကောင်းတစ်ခုအဖြစ် ရောက်ရှိလာခဲ့ပါပြီ။ 📌 ဒါကြောင့် လူငယ်တွေရဲ့ တီထွင်ဖန်တီးနိုင်မှုစွမ်းရည်တွေကိုချပြရင်း ကမ္ဘာနဲ့အမီရင်ဘောင်တန်းနိုင်ဖို့ရည်ရွယ်ထားတဲ့ ဒီ WRO 2024 ပြိုင်ပွဲကြီးအကြောင်းကို အသေးစိတ်သိရှိလိုပါက Page messenger မှာ ဆက်သွယ်မေးမြန်းနိုင်ပါပြီခင်ဗျာ။
facebook 缅甸
11292
热度
138544
展示估值
88
投放天数
2025-06-20
最新发现