Master Kong
နိုင်ငံရပ်ခြားမှာ ကျောင်းတက်ခြင်း
……
❓နိုင်ငံရပ်ခြားမှာ ကျောင်းတက်တယ်ဆိုတာ ဘယ်လိုမျိုးလဲ။
❓ဘယ်လို အခွင့်အလမ်းတွေရှိလဲ။
❓ကျောင်းတွေ ဘယ်လိုရွေးရမလဲ။
❓ဘယ်လိုနိုင်ငံတွေ ရွေးချယ်ရမလဲ။
❓ပိုက်ဆံဘယ်လောက်ကုန်မလဲ။
❓စာတော်ဖို့လိုသလား။
လူငယ်အများစုက နိုင်ငံရပ်ခြားမှာ ကျောင်းတက်ဖို့ဆိုတဲ့ အိပ်မက်တွေရှိကြပါတယ်။ မြန်မာနိုင်ငံက လူငယ်တွေအတွက်တော့ အမေရိကန်/ Europe/ Australia လို နိုင်ငံမျိုးမှာ ပညာသင်ယူရတယ်ဆိုတာ အလွန်ကောင်းတဲ့ အခွင့်အလမ်းလို့ ထင်မြင်ကြပါတယ်။
✅ တစ်စိတ်တစ်ပိုင်းတော့ မှန်တယ်လို့ ဆိုရမှာပေါ့.. ကမ္ဘာ့အကောင်းဆုံးကျောင်းတွေက အမေရိကန်/ Europe/ Australia လို နိုင်ငံမျိုးမှာ ရှိကြတာများပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာ အာရှနိုင်ငံတွေမှာလည်း ကမ္ဘာ့အကောင်းဆုံးကျောင်းတွေရှိကြပါတယ်။ National University of Singapore ဆိုရင် ကမ္ဘာ့အကောင်းဆုံး နံပါတ် ၈ မှာရှိနေပြီး The University of Hong Kong ဟာ ကမ္ဘာ့အကောင်းဆုံး နံပါတ် ၁၁ မှာရှိပါတယ်။
နိုင်ငံကြီးတိုင်း.. အဲ့နိုင်ငံမှာရှိတဲ့ ကျောင်းတိုင်းကို ကောင်းတယ်လို့ သတ်မှတ်လို့ မရသလို အာရှက ကျောင်းတွေကလည်း အဆင့်မနိမ့်နေတာကို တွေ့ရမှာပါ။
📌ကမ္ဘာပေါ်မှာ အကောင်းဆုံးဆိုတာကို ဘယ်လိုသတ်မှတ်သလဲဆိုရင် ....
- ဒီကျောင်းက Research တွေ ဘယ်လောက်ကောင်းသလဲ
- ဆရာ/ ဆရာမ ကျောင်းသားအချိုး ဘယ်လောက်ရှိသလဲ
- သင်ကြားရေး Facilities ဘယ်လောက်ရှိသလဲ
- အလုပ်အကိုင်ရရှိမှု ဘယ်လောက်ရှိသလဲ
- အလုပ်ထဲမှာ နာမည်ကောင်း ဘယ်လောက်ရသလဲ
- International ထိုးဖောက်မှု ဘယ်လောက် အားကောင်းသလဲ
စတဲ့ အချက်တွေနဲ့ တိုင်းတာပါတယ်။
📌(ကျောင်း Ranking တွေကို ရှာချင်ရင် QS Ranking မှာ ရှာလို့ရပါတယ်။ မေဂျာအလိုက် Ranking တွေကလည်း မတူညီကြပါဘူး)
ဒီတော့ ကျောင်းကောင်းကောင်းမှာ ပြီးတဲ့သူတွေဟာ အနည်းနဲ့ အများတော့ အသိအမှတ်ပြုခံကြရပါတယ်။ သူက US ကနေ ကျောင်းပြီးတာလေ.. ကျောင်းနာမည်ဆက်မေးတော့ ဒီတိုင်း ranking သိပ်မရှိတဲ့ ကျောင်းဆိုရင် ဘာမှ သိပ်မထူးပါဘူး။ မြန်မာပြည်မှာတော့ လူ တော်တော်များများက နိုင်ငံနာမည်ကြီးရင်ကို အထင်ကြီးကြပေမယ့် International မှာတော့ အဲ့လို မဟုတ်ပါဘူး။
🔶မြန်မာပြည်မှာတော့ The University of Hong Kong က ကျောင်းပြီးတဲ့ ကျောင်းသားတစ်ယောက်ကို “တရုတ်ဘွဲ့ကြီး ဟား ဟား” ဆိုပြီး လှောင်ကြတာရှိကြပေမယ့် International မှာတော့ “Woww အဲ့ကျောင်းက ဝင်ဖို့တောင် တအားခက်တာလေ” လို့ ပြောကြမှာပါ။
🔶ခုခေတ်မှာတော့အများအားဖြင့် ကျောင်းပြီးရင် နိုင်ငံတစ်ခုမှာ အခြေချဖို့ ကျောင်းတက်ကြပါတယ်။ အချို့နိုင်ငံတွေက ကျောင်းပြီးရင် နေထိုင်ခွင့် အလုပ်ရှာခွင့် Visa ပေးကြလေ့ရှိပါတယ်။ ဒါကြောင့်လည်း ကိုယ်အခြေချချင်တဲ့ နိုင်ငံတွေမှာ ကျောင်းတက်ဖို့ ပြင်ဆင်ကြပါတယ်။
ကိုဗစ်နောက်ပိုင်းမှာတော့ ကမ္ဘာ့အကောင်းဆုံး ကျောင်း ၅၀ က ပြီးတဲ့သူတွေကို Professional Visa ဆိုပြီး UK/ New Zealand စတဲ့ နိုင်ငံတွေက သီးသန့် Visa ထုတ်ပေးကြတာဖြစ်လို့.. UK မှာနေချင်လို့ UK မှာပဲ ကျောင်းတက်ဖို့ လိုတာမျိုး မဟုတ်တော့ပါဘူး။
ကျောင်းတိုင်းမှာ မေဂျာအလိုက် / ကျောင်းအလိုက် ထောက်ပံ့တဲ့ ထောက်ပံ့ကြေးတွေ ရှိတာမို့ Outstanding ကောင်းတဲ့ ကျောင်းသားတွေဆိုရင် ပညာသင်ဆုတွေ ရနိုင်ပါသေးတယ်။
✅Full Scholarship - နေထိုင်စရိတ် ကျောင်းလခ
✅Tuition Fee waiver - ကျောင်းစရိတ် အခမဲ့
✅Partial scholarship- ကျောင်းစရိတ် အချို့တစ်ဝက်
စတဲ့ scholarships တွေ အမျိုးမျိုးရှိကြပါတယ်။
ကျောင်းတက်ရင်း အလုပ်လုပ်လို့ရနိုင်မလားဆိုရင်
- full scholarships ရတဲ့ ကျောင်းသားတွေကတော့ scholarship organization ရဲ့ သဘောတူညီမှု အပေါ်မူတည်ပြီး အလုပ်လုပ်လို့ မရတာများပါတယ်။
📌ကျောင်းသားအလုပ်လုပ်ခွင့်ဆိုတာ နိုင်ငံအလိုက် ဘယ်ကျောင်းသားက ဘယ်နှနာရီပဲ အလုပ်လုပ်ခွင့်ရှိတယ်ဆိုတာကို သတ်မှတ်ထားလေ့ရှိပါတယ်။
Scholarship တို့ နာမည်ကြီးကျောင်းတို့ဆိုတာ စာအရမ်းတော်မှ ရတယ်ဆိုတာ လုံးဝ မဟုတ်ပါဘူး။ ဒါပေမယ့် ကျောင်းဝင်ခွင့်ရဖို့ ပြင်ဆင်တဲ့နေရာမှာ စနစ်တကျ ပြင်ဆင်ဖို့ လိုအပ်ပါတယ်။ နာမည်ကြီး ကျောင်းတွေမှာ ကျောင်းဝင်ခွင့်ရသွားပြီးလို့ ကျောင်းတက်တဲ့အချိန်မှာတော့ အမှတ်ကောင်းရဖို့ သာမာန်ကျောင်းတွေထက် ပိုပြီး ရုန်းကန်ကြရပါတယ်။
မြန်မာနိုင်ငံမှာ အမှတ်စာရင်းဆိုတာ အရေးမကြီးပေမယ့် နိုင်ငံတကာမှာ လုပ်ငန်းကြီးတွေမှာ ဝင်လုပ်နိုင်ဖို့/ ကျောင်းဆက်တက်နိုင်ဖို့ဆိုတာကတော့ အမှတ်ကောင်းရဖို့ ကြိုးစားဖို့လိုအပ်ပါတယ်။
Scholarship တွေဟာ အသက်အရွယ်ကန့်သတ်မှုရှိကြပါတယ်။ ပုံမှန်အားဖြင့် Bachelor degree အတွက် အသက် ၂၅ နှစ်အောက်/ master degree အတွက် အသက် ၃၅ နှစ်အောက်/ PhD အတွက်တော့ အသက် ၄၀ အောက် သတ်မှတ်လေ့ရှိပါတယ်။
ဒီလောက်ဆိုရင်တော့ နိုင်ငံရပ်ခြားကျောင်းတွေနဲ့ ပတ်သတ်ပြီး အကြမ်းဖျဉ်း နားလည်သဘောပေါက်မယ်လို့မျှော်လင့်ပါတယ်။
ပညာရေး/ အလုပ်အကိုင်နဲ့ ကိုယ်ရည်ကိုယ်သွေး တိုးတက်မှုနဲ့ ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်
📩
www.steppingcorner.com
မှာ တစ်ဦးချင်း ပညာရှင်တွေနဲ့ appointment ရယူဆွေးနွေးနိုင်ပါတယ်။
Take a new step with Stepping Corner 💫
.
#Educational #HigherEducation #StudentLife #CareerDevelopment #PersonalGrowth #StudyTips #MentorshipMyanmar #mentorshipprogram #mentor #steppingcorner