渠道
筛选
共 0 个广告
cometcomet

comet

သတိထားစရာ ဂန္ဓမာကျောက်ရောဂါ 🌸🌸🌸 🌸ဂန္ဓမာကျောက်ရောဂါ(သံချေးဖြူရောဂါ)သည် ဂန္ဓမာပန်းခင်းတွင် ကျရောက်မှုအများဆုံးဖြစ်ပြီး စီးပွားရေးကိုလည်း ဆိုးရွားစွာ ထိခိုက်စေနိုင်သည့် ရောဂါဖြစ်ပါသည်။ 🔰ရောဂါဖြစ်စေသော သက်ရှိမှာ Puccinia horiana ဖြစ်ပြီး ဂျပန်နှင့် တရုတ်နိုင်ငံမှ စတင်ပျံ့နှံ့လာကာ ကမ္ဘာ့နိုင်ငံ တော်တော်များများထိ ပျံ့နှံ့လျှက်ရှိသည်။ 🔰အစိုဓာတ်များသော အချိန်တွင် အများဆုံး ဖြစ်ပွားကာ ရောဂါဝင်ရောက်ပြီး (၅-၁၄) ရက်အကြာတွင် ရောဂါလက္ခဏာကို မြင်တွေ့နိုင်သည်။ 🔰ပုံမှန်အားဖြင့် ရွက်သစ်များနှင့် ပွင့်ခံရွက်များတွင် ရောဂါလက္ခဏာကို တွေရသော်လည်း တစ်ခါတရံ ရွက်ဟောင်းနှင့် ပွင့်ချပ်များပေါ်တွင်လည်း တွေ့နိုင်သည်။ အရွက်၏ အပေါ်ဘက် မျက်နှာပြင်တွင် အဖြူရောင်မှ အဝါရောင်ဖျော့ရောင် အစက်ပြောက်များကို တွေ့နိုင်ပြီး အရွက်၏ အောက်ဘက် မျက်နှာပြင်တွင် ညိုဝါရောင်မှ ပန်းရောင် မှိုစပိုးများ ဖြစ်ပေါ်လာသည်ကို တွေ့နိုင်သည်။ အချိန်ကျလာသည်နှင့် အမျှ ၎င်းမှိုစပိုးများသည် အဖြူရောင်အဖြစ်သို့ ပြောင်းလာသည်။ ♻️ကာကွယ်နှိမ်နင်းနည်းများ ✅ရောဂါကင်းစင်သော မျိုးကောင်းမျိုးသန့်များကို စိုက်ပျိုးပါ။ ✅ရောဂါကျရောက်နေသော အရွက်များ၊ ပင်ကြွင်းပင်ကျန်များကို မီးရှို့ဖျက်ဆီးပေးပါ။ ✅ရောဂါကျပြီးသား စိုက်ခင်းတွင် အနည်းဆုံး ၂ လခန့် ဂန္ဓမာပန်း ထပ်မံစိုက်ပျိုးခြင်းကို ရှောင်ပါ။ ✅အစိုဓာတ်ကြိုက်သည့် ရောဂါဖြစ်သည့်အတွက် ရေကို စနစ်တကျ ပေးပါ။ ဆေးသုံးမည်ဆိုပါက မြန်မာ့ဩဘာမှ နီဗိုစူပါကို ရေ ၂၀ လီတာဝင် ဆေးတစ်ပုံးလျှင် ၂၀ ဂရမ် ထည့်သုံးပေးနိုင်ပါသည်။ 🔔ဂန္ဓမာကျောက်ရောဂါသည် အပင် ၁ လသားမှ ပန်းတစ်ရာသီကုန်သည်အထိ ကျရောက်နိုင်သောကြောင့် ၁ လသားမှ စ၍ အချိန်မှီ မကာကွယ်ပါက တစ်ခင်းလုံး ကူးစက်ပျံ့ပွားနိုင်သည့်အတွက် အချိန်မှီ ကြိုတင်ကာကွယ်ကြဖို့ သတိပေးလိုက်ရပါတယ်ခင်ဗျာ #Awba #ဂန္ဓမာကျောက်ရောဂါ
facebook 缅甸
15735
热度
189520
展示估值
81
投放天数
2025-06-23
最新发现