Shop for luggage
🟩ပန်ကာတော့ပန်ကာပဲ ဒါပေမယ့် ဒလက်မပါဘူး။
🟩အဲ့ဒီပန်ကာက အနံ့ဆိုးတွေမှန်သမျှကို လဲ ဖယ်ရှားပေးအုံးမှာ။
🟩ဒါ့အပြင် ဖုန်တွေနဲ့ ဓါတ်မတည့်မှုကို ဖြစ်ပေါ်စေမယ့် အမှုန်တွေမှန်သမျှကို 99.96%ထိ ရှင်းလင်းပေးနိုင်ပါတယ်။
🟩ပြီးတော့ အခန်းရဲ့ Reality Time Air Quality ကို LED Display ပေါ်မှာ အချိန်နဲ့ တပြေးညီ ဖော်ပြပေးမယ်။
🟩အခန်းအပူချိန်နဲ့ စိုထိုင်းစတွေကိုပါ တပါတည်း ဖော်ပြပေးနေအုံးမှာလဲ ဖြစ်ပါတယ်။
🟩ကဲ ကြားရတာနဲ့တင် အရမ်းမိုက်နေပြီနော်။
ဒီလို အမိုက်စား ပစ္စည်းလေးက ..
🟩Xiaomi ရဲ့ထုံးစံအတိုင်း ဆန်းသစ်တဲ့ ဖန်တီးမှုတွေနဲ့ လေသန့်စက်နဲ့ ပန်ကာပေါင်းထုတ်ထားတဲ့ Mijia Smart Bladeless Air Purification Fan လေးပဲဖြစ်ပါတယ်ခင်ဗျာ။
🟩High Quality Filterနဲ့ လေကို professional ကျကျ သန့်စင်ပေးနိုင်သလို professional ကျတဲ့ ပန်ကာတစ်လုံးလဲ ဖြစ်ပါတယ်ခင်ဗျာ။
🟩ဘာကြောင့်ဆို လေထွက်ရာမှာ Front Mode နဲ့ Rear Mode ဆိုပြီး အရှေ့ကထွက်ချင်သလား၊ လေကိုအတွင်းက ထွက်စေချင်သလား ရွေးလို့ရတယ်။
ပြီးတော့ Front Mode မှာ
▪️Direct Mode
▪️Natural Mode
▪️Smart Mode (3)မျိုး ရသလို
Rear Mode (or) Back Mode မှာလဲ
▪️Circulating Air
▪️Smart Purification ဆိုပြီး Mode (2)မျိုး ရပါသေးတယ်။
🟩 150 ဒီဂရီ ဘေးဘယ်ညာလဲ လှည့်လည်နိုင်ပါတယ်။
ဒီလို အမိုက်စာquality နဲ့ Mijia ရဲ့ Smart Bladeless Air Purification Fan လေးကို မိတ်ဆွေတို့ရဲ့ SC မှာ ဝယ်ယူနိုင်ပါပြီခင်ဗျာ။
✨Mijia Smart Bladeless Air Purification Fan
✨ Price - 1,025,000 ကျပ်
🟩🟩🟩🟩🟩🟩🟩🟩🟩🟩🟩🟩🟩🟩🟩🟩🟩
SC မှာစမ်းပြထားတဲ့ Video ကိုကြည့်ရှုလိုပါက ➡️
https://www.facebook.com/share/v/TH4eb7op5uyx5d6v/?mibextid=w8EBqM
🔺အသေးစိတ်အချက်အလက်များ ဖတ်ရှုရန်..
🟩 99.96% Nano-scale Filtration : အရည်အသွေးမြင့် Filter ကိုအသုံးပြုထားလို့ 80-90 nm (nanometer) လောက်ထိ သေးငယ်တဲ့ အမှုန်တွေကို 99.96%အထိ ဖယ်ရှားပေးနိုင်ပါတယ်။
ဒါ့အပြင် ဖုန်တွေ၊ ပန်းဝတ်မှုန်တွေ၊ မှိုနဲ့ ဘက်တီးရီးယားတွေကဲ့သို့ ဓာတ်မတည့်မှုတွေနဲ့ အခြားလေထုညစ်ညမ်းမှုများကို ဖြစ်ပေါ်စေတဲ့ အမှုန်တွေမှန်သမျှကို (PM2.5 ရှိတဲ့ အမှုန်တွေထိ) စုပ်ယူဖယ်ရှားပေးပြီး လေထုကို သန့်ရှင်းစေမှာပါ။
လူတွေရဲ့ ဆံချည်မျှင်ဟာ 50-180μm (micrometer) မျှရှိပါတယ်။ 10μm နဲ့ သူ့ထက်သေးတဲ့ အမှုန်တွေကိုသာ လူတွေရဲ့ အသက်ရှုလမ်းကြောင်းထဲကို ရှူသွင်းနိုင်ပြီး 2.5μm နဲ့ သူ့ထက်သေးတဲ့ အမှုန်တွေကသာ အဆုတ်အတွင်းပိုင်းထိ ဝင်ရောက်နိုင်မှာဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်က 0.1-0.5μm ရှိပါတယ်။
(အမှုန်တွေရဲ့အရွယ်အစားနှိုင်းယှဉ်ချက်ပုံကိုcommentမှာ ကြည့်ရှုနိုင်ပါတယ်)
🟩Clean Air Delivery Rate (CADR) : 160m³/h တစ်နာရီကို 160m³ နှုန်းနဲ့ လေကို သန့်စင်ပေးမှာဖြစ်ပါတယ်။
🟩Formaldehyde CADR : အထူးပြုပြင်ထားတဲ့ activated carbonက လေထုထဲက ဖော်မယ်ဒီဟိုက်ဆိုတဲ့ အဆိပ်ဖြစ်စေတဲ့ဓါတ်ငွေ့ကို စုပ်ယူပြီး အဆိပ်မရှိတဲ့ အရာအဖြစ်ပြောင်းပေးမှာပါ။
ဖော်မယ်လ်ဒီဟိုက်ကို သန့်စင်ပေးနိုင်တဲ့နှုန်းက (100m³ /h)တစ်နာရီကို 100m³ ဖြစ်ပါတယ်။
(ဖော်မယ်လ်ဒီဟိုက် ဆိုတာ ကားတွေဆိုင်ကယ်တွေကထွက်တဲ့ အိတ်ဇောငွေ့တွေမှာ၊ ဓါတ်ဆီကို အသုံးတဲ့စက်တွေကနေထွက်တဲ့ အငွေ့မှာ၊ စက်ရုံတွေကထွက်တဲ့ မီးခိုးငွေ့တွေမှာ၊ Gas မီးဖိုကထွက်တဲ့ အငွေ့တွေမှာ၊ ဆေးလိပ်ငွေ့တွေမှာ၊ အိမ်သုတ်ဆေးအနံ့တွေမှာ အစရှိတဲ့ လူတွေရဲ့ ပတ်ဝန်းကျင်လေထုထဲမှာ တွေ့ရတဲ့ အန္တရာယ်ရှိတဲ့ ဓါတ်ငွေ့ကွန်ပေါင်းဖြစ်ပါတယ်။)
🟩 Multi-dimensional High Precision Sensor : ဘက်ပေါင်းစုံကို တိကျစွာ အာရုံခံနိုင်တဲ့ sensor က အခန်းတွင်းလေထု အခြေအနေကို တိကျစွာဖမ်းယူပြီး screen ပေါ်မှာ Real Time Air Quality ကို အချိန်နဲ့ တပြေးညီဖော်ပြပေးနေပါမယ်။
- Fresh & Clean ဆိုရင် အစိမ်းရောင်
- Low Pollution ဆို အဝါရောင်
- Moderate Pollution မှာ လိမ္မော်ရောင်
- High Pollution ဆိုရင် အနီရောင် အနေနဲ့ ပြပေးမှာမို့ အခန်းရဲ့ လေထုအခြေအနေကို မျက်စိတစ်ချက်ဝှေ့အတွင်း သိရှိနိုင်မှာပဲ ဖြစ်ပါတယ်။
🟩 Laser Dust Sensor : ဖုန်တွေ အမှူန်တွေကို ဖမ်းယူပေးဖို့ Laser Dust Sensor ပါရှိပါတယ်။ သူက လေထုထဲက PM2.5 ၊ PM10 နဲ့ အခြားအမှုန်တွေ ဖုန်တွေ မှန်သမျှကို စုပ်ယူသန့်ရှင်းပေးမှာပါ။
🟩 Smart Light-Sensitive Screen + Noise Reduction Design : Screen က ဖုန်းတွေလို Auto Brightness Mode နဲ့မို့ အခန်းရဲ့ အလင်းရောင်ပေါ်မူတည်ပြီး အလိုလျောက်Screen အလင်းအားကို ချိန်ညှိပေးမှာ ဖြစ်ပါတယ်။
Noise Reduction နဲ့မို့ ဆူညံသံ အလွန်လျော့နည်းပါတယ်။
ဒီလို အလင်းနဲ့ အသံတွေအထိပါ အသေးစိတ်လိုက်ပြီးစဉ်းစားပေးထားတဲ့ Air Purifer Fan လေးက အနားယူချိန်မှာ အနှောက်အယှက်ကင်းကင်း ရှိနေစေမှာပါ။
🟩Smart ဖြစ်တာမို့ ဖုန်းနဲ့ချိတ်ပြီး Mi Home App ကနေတဆင့် သုံးနိုင်ပါတယ်။
(ကျွန်တော်တို့ SC က ဖုန်းနဲ့ ချိတ်ပြီး စမ်းထားတဲ့ Feature တွေကို comment မှာ ကြည့်နိုင်ပါတယ်ခင်ဗျာ)
🟩Air Outlet Mode : လေထွက်ပေါက်ကို Front Mode နဲ့ Rare Mode (2)မျိုးပြောင်းပြီးသုံးနိုင်ပါတယ်။
နွေရာသီမှာဆို ပန်ကာအဖြစ်သုံးဖို့ လေအားအရမ်းကောင်းတဲ့ အရှေ့လေထွက်ပေါက်ကို သုံးနိုင်ပြီး ဆောင်းတွင်းလို ပန်ကာမလိုတဲ့ အချိန်မျိုးမှာ လေတိုက်ရိုက်မတိုက်စေတဲ့ အတွင်းလေထွက်ပေါက်ကို သုံးနိုင်ပါတယ်။
🟩Innovative Air Dust Structure: ဆန်းသစ်တီထွင်ထားတဲ့ လေပြွန်တည်ဆောက်ပုံကြောင့် တစ်ခန်းလုံးအနှံ့ သန့်ရှင်းတဲ့လေတွေကို ပျံနှံ့စေပါမယ်။ လေအားက အရမ်းကောင်းသလောက် နူးညံ့ညင်သာနေစေပါတယ်။
Fan Speed အမြင့်ဆုံး အဆင့်မှာထားရင် လေတိုက်နှုန်းက တစ်စက္ကန့်ကို 15.5 မီတာ (15.5m/s) အထိ တိုက်ခတ်ပေးမှာပါ။
တစ်နာရီကို လေထုတ်လွှတ်ပေးနိုင်နှုန်း 1700 ကုဗမီတာ (1700 m³/h) ပါ။
🟩5 Angles Available : Mi Home App နဲ့ချိတ်ပြီးသုံးရင်
လေဘေးဘယ်ညာ လှည့်တဲ့ swing mode ရဲ့ angle ကို 30, 60, 90, 120 နဲ့ 150 ဒီဂရီ (၅) မျိုး ချိန်ညှိလို့ရပါသေးတယ်။
🟩Safe Leafless Design : ပုံမှန်ပန်ကာတွေလို ဒလက်တွေမပါတာမို့ ကလေးလေးတွေ ရှိတဲ့ မိသားစုတွေအတွက် သင့်တော်ပါတယ်။
ရိုးရှင်းတဲ့ ဒီဇိုင်းမို့ သန့်ရှင်းရလဲ အရမ်းလွယ်ယူစေပါတယ်။
🟩Filter Expiration Reminder : Screen ပေါ်မှာ Air Purifier Filter ရဲ့ အသုံးခံနိုင်တဲ့ ပမာဏကို 100% ကနေ တဖြည်းဖြည်း လျော့ပြီး 0% ထိ ပြပေးမှာဖြစ်ပါတယ်။
Mi Home App ထဲမှာကြည့်ရင်တော့ filterရဲ့ ကုန်ဆုံးရက်ကို ရက်ပေါင်း 180ရက်ကနေ စပြီး တဖြည်းဖြည်း ရက်တွေကို လျှော့သွားပေးခြင်းဖြင့် ကုန်ဆုံးရက်ကို ကြိုသိနိုင်စေမှာပဲဖြစ်လို့ အရမ်းအဆင်ပြေပါတယ်ခင်ဗျာ။
🟩Filter လဲတဲ့အချိန်မှာလဲ ကာဗာက သံလိုက်နဲ့မို့ ဖြုတ်/တပ်လွယ်ကူပြီး သက်တောင့်သက်သာဖြစ်စေပါတယ်။
🟩အပေါ် မျက်နှာပြင်မှာ သံလိုက်ပါတာကြောင့် Remote Control ကို တင်ထားလိုက်တာနဲ့ မျက်နှာပြင်ပေါ်မှာ ကပ်နေတာမို့ အလွယ်တကာ ပြုတ်ကျတာမျိုးမဖြစ်ဘဲ အရမ်းအဆင်ပြေပါတယ်။
Control ပျောက်လို့ ရှာရတဲ့ ဒုက္ခကလဲ ကင်းဝေးစေပါတယ်။
ကဲ အိမ်ကလေးရဲ့လေထုအတွင်း အနံ့ဆိုးတွေကင်း အေးမြခြင်းတွေ ယူဆောင်လာပေးဖို့ ..
ဒီလို အသေးစိတ်ကအစ သေချာဂရုတစိုက် ထုတ်လုပ်ထားတဲ့ ပေးရတဲ့စျေးနဲ့ တကယ်တန်တဲ့ Mijia Smart Leafless Air Purification Fan လေးကို မိတ်ဆွေတို့ရဲ့ SC မှာ ဝယ်ယူနိုင်ပါပြီခင်ဗျာ။
🟩🟩🟩🟩🟩🟩🟩🟩🟩🟩🟩🟩🟩🟩🟩🟩🟩
** ရရှိနိုင်သော အရေအတွက်နှင့် ဈေးနှုန်းများမှာ အပြောင်းအလဲရှိနိုင်ပါတယ် ခင်ဗျ **
✅
www.sweetconnect88.com
✅ KBZ pay Market
📣
https://bit.ly/sc-kbzpay
✅ Shop . Com . MM Link
📣
https://bit.ly/sweetconnect88
များတွင်လည်းအားပေးနိုင်ပါတယ်ခင်ဗျာ။
** မန္တလေးမြို့တွင်း Phone, Tablet များနှင့် တကွ TV, Refrigerator, Luggage စသော အိမ်သုံးပစ္စည်းများ၊ Electronic ပစ္စည်းများ အိမ်အရောက် Free Delivery ဖြင့် ၄၈ နာရီ မှ ၇၂ နာရီ အတွင်းပို့ပေးပါတယ် ခင်ဗျာ၊ အခြားမြို့များ ကားဂိတ်ထိ သေချာထုတ်ပိုးပြီး ပို့ပေးပါတယ် ခင်ဗျ **
_______________________________
✅ ပစ္စည်းမှန်၊ စျေးမှန်၊ ဆားဗစ်အာမခံ တဲ့ မိတ်ဆွေတို့ရဲ့ SC ✅
** အပ်ကစပြီး ဒုံးပျံအထိ၊ ဘာပဲလိုလို SC မှာရှိ **
___________________________________
Online Phone: 09 - 7 6767 5678 , 09 - 4025 700 67,
Viber Number: 09-4025 70067
72*73 ကြား၊ မနော်ဟရီလမ်း (၁၁၀ လမ်း)။
(မင်္ဂလာ Ocean မှ 1 min Drive)
#SweetConnect
#SC
#Mi
#Mijiayoupin
#miဆိုsc
#Air_purifier_fan
#Purification_fan