渠道
筛选
共 0 个广告
google.com.mtgoogle.com.mt

google.com.mt

💠မိန်းမကိုယ်အနံ့နံခြင်း💠 ----------------------- 👉🏻မိန်းမကိုယ်ဟာ ဘယ်လိုအမွှေးနံသာ သုံးသည်ဖြစ်စေ နံနေတာ ကြုံရနိုင်ပါတယ်။ #အမျိုးသမီးအချို့ဟာ သဘာဝအရကို အနံ့ပြင်းများ ထုတ်လွှတ်တတ်ပြီး တချို့ကတော့ ဒီလိုမဟုတ်ကြပါဘူး။ #ချွေးထွက်များခြင်း၊ #အကာအကွယ် မသုံးဘဲ လိင်ဆက်ဆံခြင်း စတာတွေဟာ ဒီအစိတ်အပိုင်းတွေရဲ့ အနံ့ကို ယာယီ ပြောင်းလဲစေပါတယ်။ ဒါပေမယ့် မိန်းမကိုယ်မှာ ရနံ့တစ်ခုတော့ အမြဲရှိပါတယ်။ . 🟥မိန်းမကိုယ်ဟာ ဘယ်အခါမှာ သတ္တုနံ့ရနိုင်သလဲ ဓမ္မတာကာလပြီးဆုံးချိန် ဒါမှမဟုတ် သုတ်ရည်နဲ့ထိတွေ့ပြီးချိန်မှာ သတ္တုနံ့ရတတ်ပါတယ်။ နှစ်ခုစလုံးဟာ မိန်းမကိုယ်ထဲက #pH ဓါတ်ကို ဘေ့စ်ဘက်ကို ပိုများစေပါတယ်။ ဒါကြောင့် အနံ့ပြောင်းခြင်း ဖြစ်ပါတယ်။ ကိစ္စ၂ခုလုံးဟာ ယာယီပဲ ဖြစ်သင့်ပါတယ်။ တကယ်လို့ အနံ့ပြောင်းတာ ကြာနေမယ်ဆိုရင်၊ ယားယံနေမယ်ဆိုရင် ဆရာဝန်ပြသင့်ပါတယ်။ . 🛑ချိုအီလွန်းသောအနံ့ ရမြဲအနံ့ထက် ပိုပြီးပြင်းရှရှရတဲ့ အကြောင်းကတော့ #ချွေးအရမ်းထွက်ခြင်း၊ တင်းကြပ်တဲ့ အောက်ခံဘောင်းဘီ၊ ဓါတုဗေဒနည်းနဲ့ ထုတ်ထားတဲ့ ချည်နဲ့ ရက်လုပ်တဲ့ အောက်ခံဘောင်းဘီ ဝတ်ဆင်ခြင်း စတာတွေကြောင့် ဖြစ်ပါတယ်။ ဘောင်းဘီတွေကြပ်ပြီး လေဝင်လေထွက် မကောင်းရင် အနံ့ပိုပြင်း တတ်ပါတယ်။ အဲ့ဒီအခါ ဆပ်ပြာခပ်ပျော့ပျော့နဲ့ ဆေးပေးခြင်း၊ အောက်ခံအဝတ် မကြာခဏလဲပေးခြင်း စတာတွေ ပြုလုပ်သင့်ပါတယ်။ ဒါပေမယ့် ကျန်းမာရေးနဲ့ မကိုက်ညီမယ့် ကိစ္စတွေတော့ မလုပ်ပါနဲ့။ . 🛑မိန်းမကိုယ်ဟာ ဘယ်အခါမှာ ငါးညှီနံ့ရနိုင်သလဲ ကျန်းမာရေးသိပ်မကောင်းတဲ့အခါမျိုးမှာ ဒီအသုံးအနှုန်းနဲ့ သင့်တော်ပါတယ်။ သိပ်ပြီးဆိုးတဲ့အနံ့ဆိုရင် မိန်းမကိုယ်မှာ ဘက်တီးရီးယား ပိုးဝင်ခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ #vaginosis နဲ့ #trichomoniasis ဆိုပြီး ၂မျိုး ရှိပါတယ်။ #vaginosis ကတော့ မိန်းမကိုယ်တွင်းမှာ ဘက်တီးရီးယား ဟန်ချက်မညီခြင်းနဲ့ ဆက်စပ်နေပါတယ်။ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတော့မဟုတ်ပေမယ့် ဆက်ဆံဖော်အသစ်တွေ့တဲ့အခါ ပိုဖြစ်စေနိုင်ပါတယ်။ . 🛑တဆေးနံ့ မှိုပိုးဝင်ခြင်းတိုင်းမှာ အနံ့မရတတ်ပါဘူး။ တခြားလက္ခဏာတွေဖြစ်တဲ့ အဖြူဆင်းခြင်း၊ ယားယံခြင်းတို့ကြုံမှ သတိထားမိတတ်ပါတယ်။ တခါတရံ ပေါင်မုန့်နံလို ရတတ်ပေမယ့် မှိုနံ့ရတာမျိုးလည်း ရှိတတ်ပါတယ်။ အနံ့ရခြင်းတခုကပဲ မှိုပိုးဝင်ခြင်းကိုပြတဲ့ လက္ခဏာမဟုတ်ပါဘူး။ ဒါပေမယ့် #vaginosis ရောဂါဖြစ်ခြင်း၊ မိန်းမကိုယ်ကို ယားယံစေတဲ့ တခြားရောဂါပိုးဝင်ခြင်း စတာတွေနဲ့ ခွဲခြားနိုင်ပါတယ်။ . 🛑ပုပ်သောအနံ့ မိန်းမကိုယ်ကနေ ပုပ်တဲ့အနံ့ကို ရုတ်တရက် ဆိုးဆိုးရွားရွား ရလာရင် သားဖွားမီးယပ်ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ကျန်းမာရေးမကောင်းတဲ့ လက္ခဏာ ဖြစ်ပါတယ်။ မိန်းမကိုယ်ထဲမှာ ပြီးခဲ့တဲ့ ဓမ္မတာကိစ္စအတွက် #tampon သုံးပြီး မေ့ကျန်ခြင်းလည်း ဖြစ်နိုင်ပါတယ်။ သင့်ရဲ့သားဖွားမီးယပ်ဆရာဝန်ဟာ ကြာရှည်စွာ မေ့ထားခဲ့တဲ့ #tampon ကို ထုတ်ယူပေးနိုင်တာကြောင့် ချိန်းဆိုပြသဖို့ မရှက်ပါနဲ့။ 🔽🔽🔽 အထက်ပါ‌ဝေဒနာများခံစားနေရပြီဆိုပါက ကျွန်မတို့ဆေးကုခန်းသို့ မနက် ( ၉ )🕘 နာရီမှ ညနေ ( ၅ )🕔 နာရီအတွင်း လာရောက်ပြသနိုင်ပါပြီ 🏥အမှတ်(FS/4)၊ ရွှေခတ္တာလမ်းထိပ်၊ ရွှေမာလာရိပ်မွန်အိမ်ရာ၊ဘုရင့်နောင်လမ်းမပေါ်၊ ကမာရွတ်မြို့နယ် (ရေကြောင်းသိပ္ပံအနီး)ရန်ကုန်။ #Google_Map : https://www.google.com/maps/place/16%C2%B049'37.7%22N+96%C2%B007'22.5%22E/@16.827151,96.122908,17z/data=!3m1!4b1!4m4!3m3!8m2!3d16.827151!4d96.122908?entry=ttu&g_ep=EgoyMDI0MTEyNC4xIKXMDSoASAFQAw%3D%3D မြန်မြန်သိ မြန်မြန်ကု ကျန်းမာရေးသုတစွယ်စုံ ☎️hot line : 09781352960
facebook 缅甸
29312
热度
354079
展示估值
264
投放天数
2024-12-25
最新发现