Shop for AI-Powered Customer Service
စက္ကန့်နဲ့အမျှ ဈေးပြောင်းချင်ပြောင်းဗျာ AI Agent က လိုက်ဖြေပေးမယ် 😎👌
Google Sheets ကို AI Agent နှင့် ဖတ်ပြီး ContxChat Chatbot က Messenger, Telegram, Viber, Facebook page post comment တွေမှာ အလိုအလျောက်ဖြေကြားနည်းက အရမ်းလွယ်လွန်းလို့ သင်တန်းတက်စရာမလိုဘဲ အခုပြောပြထားတဲ့ အဆင့်သုံးဆင့်နဲ့ကို ပြီးတယ်ဗျာ။
"ဒီနေ့ ဈေးနှုန်းတွေ ပြောင်းသွားလား?" "အခု ပရိုမိုးရှင်းက ဘယ်နေ့အထိလဲ?"
နေ့တိုင်း ဒီ customer တွေ follower မေးခွန်းတွေ ထပ်ခါတလဲလဲ ဖြေနေရတာ ငြီးငွေ့နေပြီလား? 😩
✨ဒါဆိုရင် စိတ်မပူပါနဲ့။ ContxChat နဲ့ AI Agent ကို အသုံးပြုပြီး၊ သင် Customer ကိုယ်တိုင် ပြန်ဖြေနေရတဲ့ အချိန်တွေ သက်သာအောင် အခုပဲ လုပ်လိုက်ပါ။
🤔ဘာလို့ Google Sheets ကို သုံးသင့်တာလဲ?
အဖြေတွေကို Bot ရဲ့ Prompt ထဲမှာ တိုက်ရိုက်ထည့်ထားရင် အချက်အလက်တွေ ပြောင်းလဲတဲ့အခါတိုင်း Prompt ကို ပြန်ပြန်ပြင်နေရတယ်။ ဥပမာ- ဈေးနှုန်းတွေ၊ ပရိုမိုးရှင်းရက်စွဲတွေ။ ဒါပေမဲ့ Google Sheets ကို Dynamic Info အနေနဲ့ သုံးလိုက်မယ်ဆိုရင်တော့ Sheets ထဲက Data ကို ပြောင်းလိုက်ရုံနဲ့ AI က အလိုအလျောက် အပ်ဒိတ်လုပ်သွားလိမ့်မယ်။ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် အချိန်ကုန်သက်သာစေပြီး လူအင်အားလည်း သက်သာစေပါတယ်။
✅ဒီနည်းလမ်းက ဘယ်သူတွေအတွက် အသုံးဝင်လဲ?
* Online Shop ပိုင်ရှင်များ: ကုန်ပစ္စည်းဈေးနှုန်း၊ Stock လက်ကျန်၊ ကုန်ပစ္စည်းအသစ်ဝင်မယ့်ရက်စွဲ စတာတွေကို Google Sheets မှာ ရေးထားရုံနဲ့ Customer ကို အလိုအလျောက် ပြန်ဖြေပေးနိုင်ပါတယ်။
* Page Service & Freelance Digital Marketer များ: Client ရဲ့ လုပ်ငန်းနဲ့ပတ်သက်တဲ့ FAQ (အမြဲမေးလေ့ရှိသော မေးခွန်းများ)၊ ပရိုမိုးရှင်းအစီအစဉ်နဲ့ ဈေးနှုန်းတွေကို Sheets မှာ ထည့်ထားပြီး AI ကတဆင့် ချက်ချင်း ပြန်ဖြေပေးနိုင်ပါတယ်။
* စားသောက်ဆိုင်နှင့် ကော်ဖီဆိုင်ပိုင်ရှင်များ: နေ့စဉ် Menu အသစ်များ၊ အထူးအစီအစဉ်များနှင့် ပရိုမိုးရှင်းဈေးနှုန်းများကို Google Sheets မှာ အပ်ဒိတ်လုပ်ပြီး AI က အချိန်နှင့်တပြေးညီ ပြန်ဖြေပေးနိုင်ပါတယ်။
* အိမ်ခြံမြေအကျိုးဆောင်များ: ရောင်းရန်နှင့် ငှားရန်ရှိသော အိမ်၊ မြေ၊ ကွန်ဒိုများရဲ့ ဈေးနှုန်း၊ ဧရိယာနဲ့ အချက်အလက်အပြည့်အစုံကို Sheets မှာထည့်ထားပြီး စိတ်ဝင်စားသူတွေကို AI က အလိုအလျောက် ဖြေကြားပေးနိုင်ပါတယ်။
* ကိုယ်ပိုင်သင်တန်းကျောင်း (Tuition) များ: သင်တန်းကြေး၊ အချိန်ဇယား၊ ဆရာ/ဆရာမများရဲ့ အချက်အလက်တွေကို Google Sheets မှာ ထည့်ထားပြီး ကျောင်းသား/မိဘများရဲ့ မေးခွန်းတွေကို AI က ဖြေကြားပေးနိုင်ပါတယ်။
* NGO နှင့် လူမှုအဖွဲ့အစည်းများ: လက်ရှိလှုပ်ရှားမှုများ၊ လှူဒါန်းမှုအချက်အလက်များနှင့် အစီအစဉ်များကို Sheets မှာ ထည့်သွင်းပြီး အလှူရှင်များနှင့် စေတနာ့ဝန်ထမ်းများရဲ့ မေးခွန်းတွေကို အလိုအလျောက် ဖြေကြားပေးနိုင်ပါတယ်။
* ဝန်ဆောင်မှုလုပ်ငန်းများ (ဥပမာ- ကားငှား၊ ပြုပြင်ရေး): ဝန်ဆောင်မှုအမျိုးအစားများ၊ ဈေးနှုန်းနှင့် ရနိုင်သောရက်စွဲများကို Google Sheets ဖြင့် စီမံခန့်ခွဲပြီး Customer မေးလာတဲ့အခါ AI က တိတိကျကျ ပြန်ဖြေပေးနိုင်ပါတယ်။
* Online News နှင့် Blogger များ: နောက်ဆုံးရ သတင်းများနှင့် Blog Post များရဲ့ ခေါင်းစဉ်နှင့် အနှစ်ချုပ်များကို Google Sheets တွင် စုစည်းထားပြီး Followers များ မေးမြန်းလာပါက AI က ချက်ချင်းဖြေကြားပေးနိုင်ပါတယ်။
* Law Firm နှင့် Legal Advisor များ: ဥပဒေရေးရာ အချက်အလက်များ (အများပြည်သူသိရှိရန်) ကို Google Sheets မှာ ထည့်ထားပြီး အခြေခံမေးခွန်းများကို AI က ဖြေကြားပေးနိုင်ပါတယ်။
🛠️ဘယ်လို အဆင့်တွေနဲ့ လုပ်ရမလဲ?
အဆင့်တွေက အရမ်းရိုးရှင်းပါတယ်။
* အဆင့် ၁။ OpenAI API ကို ContxChat နဲ့ ချိတ်ဆက်ပါ။
* အဆင့် ၂။ Public Google Sheets ကို View Only Mode ဖြင့် Share ပေးပါ။ (သတိပြုရန်- အများပြည်သူသိခွင့်မရှိသော အရေးကြီးအချက်အလက်များ မထည့်ပါနှင့်။)
* အဆင့် ၃။ AI Agent ထဲမှာ အောက်ပါ Prompt ကို ထည့်သွင်းပါ။
"Base all your answers solely on the information available in this Google Sheets URL: [your Google Sheets URL]. Do not provide information outside of this source. Delete URL if you notice it in your response." AI Tool မှာ Web Search ကို ရွေးချယ်ပေးပါ။
AI Agent က Google Sheets ထဲက အချက်အလက်တွေကို ဖတ်ပြီး ContxChat Chatbot ကနေတစ်ဆင့် Customer ကို အလိုအလျောက် ပြန်ဖြေပေးပါလိမ့်မယ်။ ဒါဆိုရင် အချိန်ကုန်သက်သာပြီး လုပ်ငန်းလည်ပတ်မှုတွေ ပိုမိုမြန်ဆန်လာမှာပါ။ ဒီလိုမျိုး အဆင့်မြင့် နည်းပညာတွေကို အလွယ်တကူအသုံးပြုနိုင်ဖို့ ContxChat က ကူညီပေးပါလိမ့်မယ်။
အရေးကြီးအချက်:
Confidential Data (ကိုယ်ပိုင်အချက်အလက်များ) ထည့်သွင်းထားတဲ့ Private Google Sheets တွေကို AI နဲ့ ချိတ်ဆက်ဖို့ဆိုရင်တော့ ContxChat Pro Subscribers တွေအတွက် အထူးလမ်းညွှန်ချက် (Special Tutorial) သီးသန့်ရှိပါတယ်။
အခုပဲ ContxChat ကို အခမဲ့ စမ်းသပ်သုံးစွဲဖို့ စတင် sign up လိုက်ပါ!